
သက္ကရာဇ်မတူညီသော ရာမဒွါန်တွင် စီးမျောကြည့်ခြင်း
2025ခုနှစ်ရဲ့ မတ်လဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်မြတ်ထားရာ ဥပုသ်ကာလပါ။ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုသ်စောင့်ထိန်းမှုဟာ မနက်အာရုဏ်တက်ချိန် မတိုင်ခင်မှာ ဝါထမင်း ထစားကြပြီးနောက် တစ်နေကုန် အစားအစာ ၊ အရည် ၊ အငွေ့ သောက်သုံးခြင်းမရှိပဲ သီလကျင့်ကြံကြပြီး၊ ညနေနေဝင်ချိန်မှာ ဥပုသ် ထွက်ကြပါတယ်။ ရိုးရိုးရှင်းရှင်း ကျင့်ကြံနေထိုင်ခြင်းနဲ့ ကိုယ်ချင်းစာတရား ၊ သည်းခံခြင်းတရား ပွားများရတဲ့ လမြတ်တခုလို့ အမြင်အားဖြင့်ရှုမြင်နိုင်ပါတယ်။