ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက တရားခံစာရင်းတွင် ထည့်သွင်းထားခြင်းကို ပယ်ဖျက်ပေးရန် NUGက တောင်းဆိုလိုက်တယ်။
အမေရိကန်ကွန်ဂရက်အမတ်တွေက ဘင်္ဂလီလို့ ခေါ်ရင် လက်ခံစကားမပြောဘူးဆိုလို့ NUGက မတတ်သာ၍ ရိုဟင်ဂျာလူမျိုးဟု အသိအမှတ်ပြုခဲ့သော်လည်း NUGသည်
(၁) ရိုဟင်ဂျာလူမျိုးတွေကို ဌာနေတိုင်းရင်းသားလူမျိုးဟု အသိအမှတ်မပြုပါ။
(၂) တစ်ကမ္ဘာလုံးက လက်ခံထားသော “ရိုဟင်ဂျာဂျီနိုဆိုက်”ဆိုတာကိုလည်း မရှိဘူး၊ မဟုတ်ဘူးလို့ NUGက ယနေ့တိုင် ငြင်းပယ်နေဆဲဖြစ်တယ်။
(၃) ပိုဆိုးတာက ဒေါ်စုကိုဖမ်းရင် ဂျီနိုဆိုက်အလုပ်ခံရတဲ့ ရိုဟင်ဂျာတွေ ပိုဒုက္ခရောက်မယ်လို့ NUGက သွယ်ဝိုက်ခြိမ်းခြောက်လိုက်ခြင်းဖြစ်တယ်။

