ဟိဂ်ျ (AP) — နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ အစိုးရရှေ့နေချုပ်သည် မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မူဆလင် လူနည်းစုများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ အကြီးအကဲအား ဖမ်းဝရမ်းထုတ်ရန် တရားသူကြီးများအား ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်ထံမှ အာဏာသိမ်းယူခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရိုဟင်ဂျာများကို နှိပ်ကွပ်သတ်ဖြတ်မှုအတွက် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရသည်။
အစုလိုက်အပြုံလိုက် မုဒိမ်းမှု၊ သတ်ဖြတ်မှုနှင့် နေအိမ်မီးရှို့ဖျက်ဆီးမှုများ ပါဝင်သော လူမျိုးတုံးသုတ်သင်ရေး လှုပ်ရှားမှုများဖြင့် လူပေါင်း တစ်သန်းနီးပါးကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ အတင်းအဓမ္မ တွန်းပို့ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုမှ တရားရုံး၏ ထိပ်တန်းအစိုးရရှေ့နေ Karim Khan က မြန်မာခေါင်းဆောင်များအတွက် မကြာမီ ဝရမ်းထပ်မံတောင်းခံရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလိုလုပ်ဆောင်ရာမှာ ရိုဟင်ဂျာတွေကို မေ့မပစ်ဖို့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးနဲ့ အတူ ဆန္ဒပြသွားမယ်။ ကမ္ဘာတဝှမ်းက လူတွေအားလုံးလိုပဲ သူတို့ဟာ ဥပဒေရဲ့ အကာအကွယ်ကို ရပိုင်ခွင့်ရှိတယ်” ဟု ဗြိတိန် ရှေ့နေက ပြောကြားခဲ့သည်။
အဆိုပါစွပ်စွဲချက်များသည် သောင်းကျန်းသူအဖွဲ့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သော သောင်းကျန်းသူနှိမ်နင်းရေး လှုပ်ရှားမှုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရိုဟင်ဂျာ အရပ်သားတွေကို တိုက်ခိုက်ဖို့ တပ်မတော် နဲ့ အမျိုးသား ရဲတပ်ဖွဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
Khan ဟာ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ အိုးအိမ်မဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မွတ်ဆလင်အများစုနေထိုင်သော ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၁ သန်းခန့်သည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည်။ ထိူအထည်းမှ ၇၄၀,၀၀၀ ခန့် သည် ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည်များအဖြစ် နေထိုင်နေကြပါသည်။
ရိုဟင်ဂျာအများစုသည် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရပြီး ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံခံရမှုများနှင့် ရင်ဆိုင်နေရသည်။ မြန်မာအစိုးရက ရိုဟင်ဂျာ ကို တိုင်းရင်းသား ၁၃၅ မျိုးအနက်မှ တရားဝင် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆိုထားခံထားရပြီး ၎င်းတို့ကို ဘင်္ဂလီဟု အမည်တပ်၍ ၎င်းတို့၏ ဇာတိမြေမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားမဝင် အခြေချနေထိုင်သည်ဟု စွတ်စွဲ ခံကြရသည်။
ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့များက ချီးကျူးခဲ့ကြသည်။ ယူကရိန်းနဲ့ ဂါဇာမှာ ပဋိပက္ခတွေ သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူ ပျံ့နှံ့နေတာကြောင့် ရိုဟင်ဂျာတွေရဲ့ ဆိုးရွားတဲ့ အခြေအနေဟာ အာရုံစိုက်မှု နည်းပါးခဲ့ပါတယ်။ “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ ဆုံးဖြတ်ချက်ဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်က ရိုဟင်ဂျာ အရပ်သားတွေအပေါ် သတ်ဖြတ် ရက်စက်ကြမ်းကြုတ်မှုတွေကြားထဲက ထွက်ပေါ်လာတာပါ။ ICC ရဲ့ လုပ်ဆောင်ချက်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားသတ်ဖြတ်ခံရမှု သံသရာကို ချိုးဖျက်ဖို့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပါတယ်” ဟု Human Rights Watch မှ အကြီးတန်း နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ အကြံပေး Maria Elena Vignoli က ပြောကြားခဲ့သည်။
2021 ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် စတင်ဖွဲ့စည်းထားသော နေရာယူခွင့် ပိတ်ပင်ခံထားရသော မြန်မာအတိုက်အခံ အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရမှ နိုင်ငံခြားရေးဝန်ကြီး ဇင်မာအောင်က ICC တရားသူကြီးများသည် ဖမ်းဝရမ်းကို အမြန်ထုတ်သင့်ပြီး အစိုးရများအနေဖြင့်လည်း အမြန် အရေးယူဆောင်ရွက်ဖို့သင့်သည်ဟု ဆိုရှယ်မီဒီယာ X တွင် ပြောကြားခဲ့သည်။ တရားမျှတမှုနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို လိုက်နာဖို့ ဒီအမိန့်စာ” ICC လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသော အခိုက်အတန့်ကို ကိုယ်စားပြုသည်ဟု သူမက ရေးသားခဲ့သည်။
မြန်မာစစ်အစိုးရကတော့ မြန်မာနိင်ငံသည် ICC ၏ အဖွဲ့ဝင်မဟုတ်ကြောင်းနှင့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒ” ကို ကျင့်သုံးနေကြောင်း ကြေညာချက်တိုတိုသာ ထုတ်ပြန်ငြင်းဆိုခဲ့သည်။
ယခုတင်ပြထားသည့် အထောက်အထားများကို ဖမ်းဝရမ်းထုတ်သင့် မသင့် ဆုံးဖြတ်ပေးမည့် တရားသူကြီး သုံးဦး ပါဝင်တဲ့ ခုံအဖွဲ့ထံ ရောက်သွားပါသည်။ ဆုံးဖြတ်ချက်ချမည့်ရက် အသေခြာ မသိရှိနိင်သေးပါ။ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ဖမ်းဝရမ်းသည် 2023 ခုနှစ်တွင် သုံးပတ်အောက်သာ ကြာခဲ့သည်။ သို့သော်လည်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu၊ ၎င်း၏ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမတ်စ်၏ စစ်ဦးစီးချုပ်တို့ကို ဖမ်းဝရမ်းထုတ်ရန် ခြောက်လကျော် အချိန်ယူခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ပြန့်ကျဲနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ ဒီသတင်းကို ကြိုဆိုကြပါတယ်။
“ကျမတို့ ရိုဟင်ဂျာတွေအားလုံး ဝမ်းသာပီတိဖြစ်ရပါတယ် မြန်မာစစ်အစိုးရက ၇၅ နှစ်ကျော်ကြာ ညှဉ်းပန်းနှိပ်စက်တာခံခဲ့ကြရတဲ့အတွက် ခု တရားသူကြီးတွေထံ ပေးပို့တဲ့ လျှောက်လွှာကို ကြားသိရလို့ အရမ်းဝမ်းသာမိပါတယ်၊၊ Zahid Hossain, 53 ကဆိုသည်။
အသက် ၃၂ နှစ်အရွယ် လူ့အခွင့်အရေးလှုပ်ရှားသူ Yahiya Khan ကလည်း “စစ်တပ်က ကျွန်တော်တို့ကို နှိပ်စက်နေတာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။ ထောင်နှင့်ချီတဲ့ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတယ် ထောင်ချီ တဲ့ အပြစ်မဲ့ လူတွေသေဆုံးခဲ့ရတယ်..ကလေးငယ်တွေကို အရှင်လတ်လတ် မီးပုံထည်း ထည့်သတ်ကြတယ် ဒါကြောင့် ရိုဟင်ဂျာတစ်ယောက်အနေနဲ့ ICC ရဲ့ အကြီးအကဲ (ရှေ့နေ) တရားသူကြီးတွေက ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုတာကို ကြားရတာ ဝမ်းသာပါတယ်။”
မြန်မာနိုင်ငံသည် ICC တရားရုံးနှင့် မသက်ဆိုင်သော်လည်း ဘင်္ဂလားဒေ့ရှ် ကတော့ သက်ဆိုင်ပါတယ်။ 2018 ခုနှစ်တွင် ICC ဟာ အဖွဲ့ဝင်နိုင်ငံတစ်ခုခု၏ပိုင်နက်တွင် ဖြစ်ပွားသည့် ရာဇဝတ်မှုများကို စစ်ဆေးနိုင်ခွင့်ရှိသည်ဟု ဆိုပါတယ်။