မြောက်ဦးထီးနန်းကို အသက်စွန့်ပြီး ပြန်တင်ပေးတဲ့ ဗိုလ်ချုပ်ကြီး ဆင်ဒီခန်နဲ့ မွတ်စလင်စစ်သားတွေကို ကျေးဇူးတင်တဲ့အနေနဲ့ မြောက်ဦးမင်းဆက် တည်ထောင်သူ ရခိုင်ဘုရင် မင်းစောမွန်က သူ့နန်းတော် မဆောက်ခင် နန်းတော်ဆောက်မယ့် အုတ်များဖြင့် ဆင်ဒီခန်ဗလီကြီးကို သက္ကရာဇ် ၁၄၀၄လောက်က မြောက်ဦးမှာ တည်ဆောက်ပေးခဲ့တာဖြစ်တယ်။ ပုံ(၁) ဒီဗလီကြီးကို သမိုင်းဖျောက်ဖို့ အပြီးအပြတ် အမှုံ့ချေ ဖျက်ဆီးပစ်ခဲ့သူကတော့ ပုဂံကိုလည်း ဖျက်ဆီးခဲ့သူက ဗိုလ်ခင်ညွန့်ဖြစ်တယ်။
(ဒေါက်တာသန်းထွန်းက ပုဂံကို ဘယ်သူတည်သလဲ ငါမသိပေမယ့်၊ ပုဂံဖျက်သူကို ငါသိတယ်လို့ ပုဂံရှေးဟောင်း အမွေအနှစ်တွေကို အသိညာဏ် ကင်းမဲ့စွာ ထုံးသုတ်ပစ်တဲ့ စစ်ဗိုလ်တွေကို စိတ်နာနာနဲ့ ရေးခဲ့တယ်။)
ဘဒါမူကမ် (သူတော်စင်ကြီး ဘဒါ)ဗလီကို ၁၇၂၇က တည်ဆောက်ခဲ့တယ်။ အင်္ဂလိပ်က အကြပ်(စစ်တွေ)မြို့ကို ၁၈၂၆တွင် တည်ထောင်ခဲ့တာဖြစ်တဲ့အတွက် ဗလီက စစ်တွေမြို့ထက် အနှစ်(၁၀၀)စောပါတယ်။ အင်္ဂလိပ်က ရခိုင်ကိုသိမ်းတာ ၁၈၂၄ဖြစ်တယ်။ ပုံ(၂)
ဘဒါမူကမ်ဗလီ တည်ဆောက်ခဲ့တဲ့ သက္ကရာဇ် ၁၇၂၇ခုနှစ်ကို ရေးထိုးထားသော ကျောက်ပြားဖြစ်တယ်။ ပုံ(၃)
သူတစ်ပါးသာသနာကို မလေးစား စော်ကားတတ်တဲ့ အစွန်းရောက်တွေက ဘဒါမူကမ်ဗလီရဲ့ တရားဟောစင်နဲ့ ဦးစွန်းနေရာတွေကို သူတို့ကိုးကွယ်ရာအဖြစ် မရှက်မကြောက် ပြောင်းလဲပစ်ခဲ့ကြတယ်။ ပုံ(၄)
ဘဒါမူကမ်ဗလီရဲ့ အတွင်းပိုင်းနေရာတစ်ခုကို ၂၀၀၈ခုနှစ်က တွေ့ရပုံဖြစ်တယ်။ ပုံ(၅)
ဗလီအစိပ်အပိုင်းတစ်ခုကို အဝါရောင်သုတ် ထီးတင်ပြီး အသွင်ပြောင်းထားတယ်။ ပုံ(၆)
ဆူဖီ သူတော်စင်ကြီး ဘဒါရဲ့ တစ်ကိုယ်တည်း သီးသန့်ဝတ်ပြုဆောင်ကို စေတီဘုရားအဖြစ် ပြောင်းလဲကိုးကွယ်ထားတယ်။ ပုံ(၇)
ရခိုင်အစွန်းရောက်တွေဟာ ယခုကဲ့သို့သော မွတ်စလင်တွေရဲ့ ရှေးဟောင်းသမိုင်း အမွေအနှစ်တွေကို ဖျက်ဆီးပစ်ပြီး မွတ်စလင်တွေကို ခိုးဝင်နိုင်ငံခြားသားလို့ စွပ်စွဲခဲ့ကြတယ်။ ပုံ(၈)







