ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ စစ်ပွဲကြောင့် ပါလက်စတိုင်း နှစ်သန်းကျော်ရဲ့ အသက်အိုးအိမ်စည်းစိမ်များ ဆိုးရွားစွာ ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါတယ်။အစ္စရေးနဲ့ဟားမက်စ်ကြား ၁၅လကြာစစ်ပွဲရပ်ဆိုင်းဖို့နဲ့ အကျဉ်းသားတွေနဲ့ဓားစာခံတွေလဲလှယ်ဖို့ သဘောတူညီချက်ရရှိပြီလို့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေတဲ့ ကာတာက ကြေငြာခဲ့ပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဂါဇာတစ်ဝန်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၅၉ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ သတင်းအရင်းအမြစ်တွေက အလ်ဂျာဇီးယားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဂါဇာမှာနေထိုင်နေကြတဲ့ ပါလက်စတိုင်း ၂.၃သန်းရဲ့ အခြေအနေဟာ အစ္စရေးရဲ့မြေပြင် ဝေဟင်တိုက်ခိုက်မှုတွေနဲ့အတူ ဆက်လက်ဆိုးရွားနေဆဲဖြစ်သလို ထောက်ပံ့ရေးအများစုဟာလည်း အစ္စရေးရဲ့ပိတ်ပင်ခြင်းခံထားရပါတယ်။
လွန်ခဲ့သည့် ၁၅ လက ဒီပုံတွေဟာ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းတို့ ခံစားနေရတဲ့ ဆင်းရဲဒုက္ခရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ဖော်ပြပေးထားနိုင်ပါတယ်။
Al Jazeera သတင်းဌာနပါ “Israel’s war on Gaza: 15 months, 15 pictures” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။