ထရမ့်အစိုးရက ဖေဖော်ဝါရီ ၁ ရက်ကစပြီး မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်နိုင်ငံတွေ အပေါ် အကောက်ခွန်အသစ်များ စတင် တင်းကျပ်

အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt ကပြောတာကတော့ သမ္မတ ထရမ့်ဟာ ဖေဖော်ဝါရီ ၁ ရက်က စပြီး မက္ကဆီကိုနဲ့ ကနေဒါကနေ က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် ၂၅% အကောက်ခွန်နဲ့ တရုတ်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် ၁၀% အကောက်ခွန် တင်းကျပ်သွားမယ်လို့ ဆိုပါတယ်။

အိမ်ဖြုတော် ပြေားရေးဆိုခွင့် ရှိသူ Leavitt က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ “သမ္မတကြီးက မက္ကဆီကိုနဲ့ ကနေဒါကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် ၂၅%၊ တရုတ်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် ၁၀% အကောက်ခွန်တွေကို ဖေဖော်၀ါရီလ တစ်ရက်နေ့ မနက်ဖြန်ကစပြီး စတင် တင်းကျပ်သွားမှာပါ။ ဒီနိုင်ငံတွေက တရားမဝင် တင်သွင်းတဲ့ fentanyl ဆေးဝါးတွေကို အမေရိကန်ပြည်ထောင်စုထဲကို ဖြန့်ဖြူးခွင့်ပြုခဲ့တာကြောင့် အမေရိကန်နိုင်ငံသားသန်းနဲ့ချီ သေဆုံးခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တရုတ် ကနေဒါနဲ့ မက္ကဆီကိုတို့ဟာ အမေရိကန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံတွေဖြစ် ပြီး ဒီလို သွင်းကုန် အခွန် တွေ တိုးမြင့် ကောက်ခြင်းအားဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေ အမေရိကန်ထဲကို မဝင်ရောက်အောင် တားဆီးဖို့ ဖိအားပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။ သမ္မတက ဒီအကောက်ခွန်တွေကနေ အစိုးရဘဏ္ဍာငွေတွေ ပိုရရှိမယ်လို့လည်း ဆိုထားပါတယ်။ ဒါပေမယ့် ဒီအကောက်ခွန်တွေက ပိုများလေ တဖက်နှိင်ငံက စျေးတင် ရောင်းလေ ဖြစ်ပြီး နောက်ဆုံး အမေရိကန် ကုန်သွယ်ရေးလုပ်ငန်းတွေကသာ ပေးဆောင်ရမှာဖြစ်ပါတယ်။ အမေရီကန် ကုန်သွယ် ရေး လုပ်ငန်းတွေဖြစ်တဲ့ Walmart , Target တို့လို ကုမ္ပဏီတွေနဲ့ အခြား သွင်းကုန်လုပ်ငန်းတွေက တော့ ဒီအကောက်ခွန်စရိတ်တွေကို စားသုံးသူတွေအပေါ်ကနေတဆင့် စျေးပြန် တင်ယူလေ့ ရှိပါတယ်။ဒီ အကောက်ခွန်တွေ တိုးကောက်ခြင်းဟာ အမေရီကန် ပြည်သူတွေအတွက် ထိခိုက်နိင်သလားဆိုတာ ထရမ့် ထောက်ခံသူတွေနဲ့ မထောက်ခံသူတွေကြား အငြင်းပွားစရာ ရှိနေဆဲပါ။