ဂျာမနီဟာ ဖြုတ်ချခံခဲ့ရတဲ့ အာဆတ်အစိုးရအုပ်ချုပ်စဉ်ကာလအတွင်း ဆီးရီးယားမှာ ကျုးလွန်ခဲ့တဲ့ ကြီးလေးသော ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ဘက်မလိုက်တဲ့ လွတ်လပ်တဲ့ယန္တရား (IIIM) ကို ထောက်ပံ့ဖို့ ယူရို ၁ သန်း (ဒေါ်လာ ၁.၀၃ သန်း) ပေးအပ်သွားဖို့ ရည်ရွယ်ထားကြောင်း ကြေညာခဲ့ပါတယ်။
ဆီးရီးယားမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေးဟာ နိုင်ငံရဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ အစပြုမှုအသစ်တွေအတွက် အရေးကြီးနေဆဲဖြစ်ကြောင်း ဂျာမန်နိုင်ငံခြားရေးဌာနရဲ့ မနေ့က ကြေညာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။
ဆီးရီးယားရှိ တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုတွေ အားကောင်းလာစေရေး ဆွေးနွေးဖို့ ဂျာမနီရဲ့ ဆီးရီးယားဆိုင်ရာ ညှိနှိုင်းရေးမှူးနဲ့ ဖက်ဒရယ်နိုင်ငံခြားရေးရုံး ဝန်ကြီး တိုဘီယက်စ်လင်ဒါဟာ IIIM အကြီးအကဲ ရောဘတ်ပက်တစ်နဲ့ မနေ့ကတွေ့ဆုံခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့ကထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
၂၀၁၆ခုနှစ်ကတည်းက ဆီးရီးယားမှာကျူးလွန်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေရဲ့ သက်သေတွေကို IIIM ကစုဆောင်းကာ မှတ်တမ်းပြုစုထားပြီး ဥပဒေကြောင်းအရအရေးယူမှုတွေ လုပ်ဆောင်ဖို့ပြင်ဆင် ထားကြောင်း ထုတ်ပြန်ချက်ထဲမှာမှတ်ချက်ပြုထားပါတယ်။ IIIM ထူထောင်ကတည်းက ဂျာမနီက ထောက်ခံအားပေးခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။
Middle East Monitor သတင်းဌာနပါ “Germany pledges $1m to support war crimes probe in Syria” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။